Loading...
Loading...
ဒါကတော့ ပုံမှန်ထက် ပိုက်ဆံ 2 ဆ 3 ဆ သက်သာအောင် အခြားကျောင်းသားတွေနဲ့ Share လို့ရတဲ့ Option တစ်ခုပါ။ မြန်မာကျောင်းတွေမှာဆိုရင် ဝိုင်းယူပြီးသင်ကြတာကြားဖူးမှာပါ။ အတန်းတစ်တန်းက 6 သိန်းကျရမဲ့နေရာမှာ ဝိုင်းထဲ တစ်ယောက်၊နှစ်ယောက်ထပ်ခေါ်လိုက်တော့ 2 သိန်း၊ 3 သိန်းလောက် သက်သာသွားတာမျိုးပါ။
ကိုယ်အားနည်းတဲ့ Chapter တွေ အတွက် လိုအပ်တဲ့ Session တွေကိုပဲ ရွေးချယ်သင်ယူနိုင်လို့ အများကြီးစျေးပိုသက်သာနေမှာပါ
ဆရာရဲ့ Booking Page ကိုကြည့်ပြီး အတန်းချိန်ကို ကျောင်းသားဘက်က ဆုံးဖြတ်လို့ရမှာပဲ ဖြစ်ပါတယ်၊ အရင်တုန်းကဆိုရင် ကိုယ်ကအတန်းတစ်ခုကို အရမ်းတက်ချင်ပေမဲ့ မအားတဲ့အချိန်နဲ့ တိုက်သွားလို့၊ နိုင်ငံခြားမှာနေတာမို့ Time Zone မတူလို့၊ စတဲ့အကြောင်းအမျိုးမျိုးကြောင့် လက်လွှတ်ခဲ့ရတဲ့ ဒုက္ခကနေ ကင်းဝေးသွားမှာပါ။
ကိုယ်ရွေးလိုက်တဲ့ဆရာရဲ့ Teaching Style က ကိုယ်နဲ့မကိုက်လို့ Refund တောင်းဖို့ကလည်းအားနာ၊ အဆင်လည်းမပြေလို့ ကြိတ်မှိတ်ပြီးအတန်းပြီးအောင် တက်လိုက်ရတဲ့ ကျောင်းသားတွေ တွေ့ဖူးမှာပါ။ Ten Ten မှာက ကိုယ်နဲ့ကိုက်မဲ့ဆရာကို Website က Teacher Profile ကို ကြည့်ပြီး ကိုယ်တိုင်ရွေးချယ်နိုင်မှာပါ ခင်ဗျာ။
ပညာသင်ယူတဲ့အခါ ရည်မှန်းချက်တူတဲ့ သူတွေအချင်းချင်း Communicate လုပ်နိုင်ဖို့ ရည်ရွယ်ပြီး Ten Ten Community ဆိုပြီးဖန်တီးပေးထားပါတယ်။ ဆရာတွေအတွက်လည်းရှိသလို ကျောင်းသားတွေအတွက်လည်းရှိပါတယ်။
Community ထဲမှာ ကိုယ်သိလိုတဲ့ မေးခွန်းများကို မေးမြန်းနိုင်ပါတယ်။ Ten Ten က Teammates တွေနဲ့ ဆရာတွေက ဖြေပေးသွားမှာပါ။ Workshops တွေနဲ့ Hangouts တွေလည်း ရှိတာမို့ အခုပဲ Join လိုက်တော့နော်!
Ten Ten ဖြစ်လာတဲ့ ရည်ရွယ်ချက်က ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကျောင်းသားတွေကို သူတို့နဲ့ ထိုက်တန်တဲ့ ပညာရေးကို ပေးနိုင်ဖို့ပါ။ ဒီ Mission ကို ဆရာ / ဆရာမ တို့ ပါဝင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။